မြတ်ဘုရား
လာရောက်လည်ပတ်ကြသူများရွှင်လန်းချမ်းမြေကြပါစေ
picoodle.com
မြန်မာစံတော်ချိန်
Tuesday, August 20, 2019
ဇနကဟောကိန်း
ဇနကဟောကိန်း
****************
ဘုရားအလောင်းတော် မဟာဇနကမင်း၏ ဖြစ်စဉ်ခုနှစ်မျိုး အခြေပြု၍ ရှေးဆရာကြီးများက တီထွင်၍ တွက်ကိန်းဆင်ထားခြင်းဖြစ်သည်။ အလွန်လွယ်ကူရှင်းလင်း၍ ယနေ့ပညာရှင်များထိ သုံးစွဲနေသော တွက်ကိန်းဖြစ်ပါသည်။ တွက်ကိန်းအား ပုံသေကားချမယူပဲ မဟာဘုတ်စသော အခြားတွက်ကိန်းများနှင့် ညှိနှိုင်းဟောပြောလျှင် အလွန်အစွမ်းထက်သော ဟောကိန်းဖြစ်သည်။
--------------------------------
အဟောကြည့်နည်း
ဥပမာ - မိမိက တနင်္ဂနွေသားသမီး အခုရောက်သက် ၂၅ နှစ်ဆိုရင် တနင်္ဂနွေ ဇယားကွက်ထဲတွင် ၂၅ ကို ရှာပါ။ * နန်း * အကွက်ထဲတွင်ရှိ၍ ထိုအဟောကိုဖတ်ပါ။
မိမိက တနင်္လာသားသမီး အခုရောက်သက် ၂၀နှစ်ဆိုရင် တနလာင်္ဇယားကွက်ထဲတွင် ၂၀ ကိုရှာပါ။ * ပျက်* အကွက်ထဲတွင်ရှိသောကြောင့် ထိုအဟောကိုဖတ်ပါ။
--------------------------------
**တည်​**
တည်​ဆိုတာ သ​င်္ဘောတည်​​ဆောက်​တာကို ​ပြောတာပါ။ လုပ်​ငန်း​တွေအတွက်​ ကြံစည်​ဆဲ၊ လုပ်​ငန်း​တွေအစပြုဆဲ အ​ခြေအ​နေကို​ရောက်​​နေတယ်​လို့ ​ပြောတာပါ။ လုပ်​ငန်းအတွက်​ ရင်းနှီးမြုပ်​နှံဖို့ ရန်​ရှာရာတွင်​လွယ်​ကူလိမ့်​မည်​။ လုပ်​ငန်းအကြံအစည်​​အောင်​မြင်​မည်​။ အလုပ်​ရှာ​နေလျှင်​ အလုပ်​ရမည်​။ အလုပ်​​လျှောက်​ထားလျှင်​ အလုပ်​ရမည်​။ အမှုကိစ္စ​တွေ၊ အလုပ်​​တွေများမည်​။ ​ငွေဝင်​များသလို ​ငွေထွက်​လဲများမည်​။
**ထွက်​**
ထွက်​ဆိုတာ ဇမ္ဗနဂိုရ်​ပြည်​က သ​င်္ဘောစထွက်​တာကို​ပြောတာပါ။ ​ကောင်းမွန်​​သောမိတ်​​ဆွေသစ်​များ တိုးမည်​။ စပ်​တူရှယ်​ယာလုပ်​ငန်းများ လုပ်​ရမည့်​အချိန်​​ကောင်းပါ။ ပြည်​တွင်း၊ပြည်​ပခရီးများ သွားရမည်​။ နိုင်​ငံခြားကုန်​လုပ်​ငန်းများ ​အောင်​မြင်​မည်​။
**ပျက်​**
ပျက်​ဆိုတာ သ​င်္ဘောပျက်​သွားတာကို ​ပြောတာပါ။ ကံဇာတာညံ့ချိန်​ပါ။ စီးပွား​ရေးကျဆင်းမယ်​။ သူများမ​ကောင်းကြံတာခံရတတ်​သည်​။ မ​တော်​တဆထိခိုက်​မှု အ​သေးအဖွဲများ ကြုံတတ်​သလို ​သေ​ကောင်​​ပေါင်းလဲ​ဝေဒနာများ ဖြစ်​တတ်​သည်​။ ရာထူးလုပ်​ငန်းကို​နှောင့်​ယှက်​မည့်​သူ ​ပေါ်လာလိမ့်​မည်​။ အိမ်​​ထောင်​​ရေးကို အထူးသတိထားပါ။ 
**​ကျောက်​**
ကျောက်​ဆိုတာ ​မေခလာနတ်​သမီးက ​ကျောက်​ဖျာထက်​မှာတင်​​ပေးထားတဲ့ ကိန်းဆိုက်​ပြီဆို​တော့ ကံ​ကောင်းပြီလို့မှတ်​ပါ။ မ​မျှော်​လင့်​ပဲကူညီမယ့်​သူ​တွေ​ပေါ်မယ်​။  ​အောင်​ပါ​လေသိန်းထီဆုကြီးများ ​ပေါက်​မယ်​။ မကျန်းမမာဖြစ်​​နေရင်​​တော့ ပြန်​ပြီးကျန်းမာလာမယ်​။ ဆရာ​ကောင်းနဲ့​တွေ့ပြီလို့​ဟောပါ။ အမှုရှိရင်​ရှိနိုင်​မည်​။ အချုပ်​​နှောင်​ခံ​နေရရင်​ လွတ်​မည်​။ ကျဆင်း​နေ​သောစီးပွား​ရေးများ ပြန်​တက်​လာမည်​။ ပညာ​ရေးလဲ​ကောင်းမည်​။ အိမ်​​ထောင်​ကျလျှင်​ အိမ်​​ထောင်​ဖက်​​ကောင်းနှင့်​​တွေ့ပြီလို့​ဟောပါ။ အကြံအစည်​များ ​အောင်​မြင်​မည်​။
**ထီး**
ထီးဆိုတာ ထီးဖြူ​ဆောင်းတဲ့ကိန်းပါ။ နာမည်​​ကျော်​ကြားထင်​ရှားမည်​။ ​ကောင်းသတင်းနှင့်​ ​ကျော်​ကြားခြင်းပါ။ ဆုလာဘ်​​တွေရမည်​။ ဘွဲ့ထူးဂုဏ်​ထူးများ ရမည်​။ စာ​မေးပွဲ​ဖြေထားရင်​ စာ​မေးပွဲ​အောင်​မည်​။ ရာထူးတိုးမည်​။ စီးပွား​ရေးလုပ်​ငန်းများ တိုးချဲ့ရမည်​။ အိမ်​သစ်​​ဆောက်​ကိန်း၊ အိမ်​သစ်​ရကိန်း​ပေါ်မည်​။
**နန်း**
နန်းဆိုတာ နန်းအပ်​ခံရတဲ့ကိန်းပါ။ ကံဇာတာ​ကောင်းပြီလို့​ဟောပါ။ ရာထူးတိုးမည်​။ စီးပွားဖြစ်​ထွန်းမည်​။ အ​မွေအနှစ်​​တွေရမည်​။ အပြိုင်​အဆိုင်​​တွေမှာ အနိုင်​ရမည်​။ ​ရွေး​ကောက်​ပွဲ​တွေမှာ ဝင်​​ရောက်​ယှဉ်​ပြိုင်​ရင်​နိုင်​မည်​။ အိမ်​​ထောင်​ကျကိန်းရှိသည်​။ အိမ်​​ထောင်​ကျလျှင်​လဲ ကံ​ကောင်းမည်​။ အလှူပြုလုပ်​ရမည်​။ မင်းစိုးရာဇာ အကြီးအကဲဖြစ်​မည်​။
**စံ**
စံဆိုတာ မင်းစည်းစိမ်​ကိုခံယူရတဲ့ကိန်းပါ။ ​ဘေးအန္တာရာယ်​ကင်းပြီး စုတ်​ကြီး၊လာဘ်​ကြီး​တွေဝင်​မည်​။ လုပ်​ငန်း​တွေတိုးတက်​မည်​။ ကြီးမားတဲ့ရာထူး​တွေရမည်​။ သို​လှောင်​ပစ္စည်း​တွေက အကျိုးအမြတ်​ရမည်​။ အ​ခြွေအရံမိတ်​​ဆွေအ​ပေါင်းအသင်း တိုးမည်​။ ​ငွေ​ကြေးစု​ဆောင်းမိမည်​။
ယခုအဟောတမျိုးထဲနှင့် ပုံသေယူ၍မရပါ။ မသိသေးသူများ သိစေရန် ရည်ရွယ်၍ ကူးယူရေးသားပါသည်။
CA-901 power module card အစားထိုးနည်း
CA-901 power module card
အစားထိုးနည်း
Power supply ရဲ့မူရင်း FET or IC ကိုဖြုတ်ထုတ်ပါ
CA-901 power supply module card ကို Heat sink တွင် အသင့်ပာသော insulator ကိုခံ၍ တပ်ဆင်ပါ
Red= Drain or collector တွင်တပ်ဆင်ရန်
Black = Ground main filter capacitor ရဲ့ ground တွက်ဆက်ပာ
Gray = IC vcc supply (9-18)v CA-901 module ကို ပေးသွင်းရမည့်ဗို့လိုင်း ၉ဗို့မှ၁၈ ဗို့အတွင်းရှိသည့် ဗို့လိုင်းတွင်ဆက်ရမည်
Yellow = sec output (12-24)v
Module card တွင် မိမိ သုံးလိုသော ဗို့ကို ရွေးပါ ၁၂ ဗို့ ၂၄ တစ်ခုရွေးပါ factory default ကတော့ ၂၄ ဗို့ဖြစ်ပါတယ် ဆာ့ကဒ်ရဲ့secondary volt ထွက်ပိုင်းတွင် ၁၂ ဗို့ ၂၄ တစ်ခုတွင် ချိတ်ဆက်ပါ
Blue = secondary Ground ဆာ့ကဒ်ရဲ့
Secondary လိုင်းတွက်ဆက်ရမည်
အထက်ပါ အတိုင်း မှန်ကန်စွာ တပ်ဆင်ထားခြင်း ရှိမရှိ ပြန်စစ်ပါ သေချာပါက
မှောင်းနှင် နိုင်ပါပြီ
နည်းပညာ
CIRCUIT (1)
        လေ့လာသူ ဝါသနာရှင်များအတွက် တည်ဆောက်ရလွယ်ကူပြီး
အသုံးတည့်နိုင်တဲ့ ဆားကစ်ပတ်လမ်းလေးတစ်ခု တင်ပေးလိုက်
ပါတယ်ခင်ဗျာ ။
       ဒီပတ်လမ်းလေးက ယခုခေတ် အင်မတန်မှအသုံးများလှတဲ့ 
ကွန်ဗက်တာ ကွိုင်ထုပ်လေးများ ၊ smps ဆပ်ပလိုင်းအမျိုးမျိုးက
ထရန်စဖော်မာများ ၊ ဝရိန်စက်မှ ထရန်စဖော်မာများ စသဖြင့်တို့ ကို
ကောင်းမကောင်း စမ်သပ်ကြည့်နိုင်တဲ့ ပတ်လမ်းလေးပဲဖြစ်ပါတယ်
     ကုန်ကျစရိတ်သက်သာပြီး အသုံးပြုတတ်လျှင် စက်ပြင်ရာမှာပါ
မြန်မြန်ဆန်ဆန် အလုပ်တွင်ကျယ်မှာပါခင်ဗျာ သို့ သော် ဈေးကွက်
ဝင် မဟုတ်ဘဲ အပျော်တမ်းဆားကစ်လေး တစ်ခုမျှသာဖြစ်ပါတယ်
ပါဝင်ပစ္စည်းများ
(1) ထရန်စစ္စတာ
      S 8550 (pnp) တစ်လုံး
      S 8050 (npn) တစ်လုံး
တခြားထရန်စစ္စတာများကိုလည်း အစားထိုးနိုင်ပါတယ်
ယခုထရန်စစ္စတာနှစ်မျိုးစလုံး ခြေငုတ် e b c  ဖြစ်ပြီး
အစားထိုးလျှင် ခြေငုတ်များ သတိပြုပါနော် ။
(2) ကွန်ဒင်ဆာ
      47uf ,16V  တစ်လုံး
      47 pf.  တစ်လုံး (47 လို့ ပဲ ရေးထားပါတယ်)
(3) ကြိမ်နှုန်းမြင့် ဒိုင်အုပ်
      1A , Diode တစ်လုံး
( ဖုန်း အဒပ်တာ အထွက်ဘက်က ဒိုင်အုပ်မျိုး)
(4) LED
      led နှစ်လုံး
(5) ရီစစ္စတာ
      10 k တစ်လုံး( ညိုနက်မော်)
စသည်ဖြင့် လိုအပ်မှာဖြစ်ပါတယ်ခင်ဗျာ ။
       ကွိုင်ထုပ်လေးတွေကို မီတာနဲ့  ကောင်းမကောင်း ခန့် မှန်းလို့ 
မရနိုင်ပေမယ့် ဒီဆားကစ်လေးနဲ့  ပုံမှာပြထားတဲ့အတိုင်း ဆက်သွယ်
ကြည့်လို့  မီးလင်းတယ်ဆိုရင် ကောင်းတယ်လို့  ခန့် မှန်းနိုင်ပါတယ်
     ဆပ်ပလိုင်းကနေ ကွိုင်ထုပ် ၊ ထရန်စဖော်မာတို့ ကို ဖြုတ်စရာ
မလိုဘူးနော် ရှော့ရှိနေတဲ့  ထရန်စစ္စတာ၊ အိုင်စီတွေကိုတော့ ဖြုတ်
လိုက်ပြီးမှ စမ်းပေါ့ နော
      ပေးသွင်းဗို့ မှာ 1.5 ဗို့  ဖြစ်ပြီးတော့ ကွိုင်ကြိုးရှည်ရှည် (သို့ )
အင်ဒပ်တင့် များတဲ့ ကွိုင်ထုပ်မျိုးကို တိုင်းတဲ့အခါ ပေးသွင်းဗို့ ကို
1 ဗို့ လောက်သာ လျော့ချပေးသွင်းရပါမည် ဘာဖြစ်လို့ လဲဆိုတော့
       ဒီပတ်လမ်းလေးဟာလည်း ဗို့ အားမြင့် ကွန်ဗက်တာလေး
တစ်ခုလို အလုပ် လုပ်နေရလို့ ပါခင်ဗျာ အင်ဒပ်တင့်များတဲ့ကွိုင်တွေ
ကို တိုင်းတဲ့အခါ ပတ်လမ်းသည် ဗို့ အားမြှင့်တင်မှုများလာပြီး မနိုင်ဝန်
ဖြစ်ခါ ပြန်လည်ရပ်ဆိုင်းသွားမှာဖြစ်ပါကြောင်း တင်ပြပေးလိုက်
ပါတယ်ခင်ဗျာ ။
    လေ့လာသူများအားလုံး အသိဉာဏ်ပညာများ တိုးပွါးကြပါစေခင်ဗျာ
USB နဲ့ Windows 7 instllation လုပ်​နည်း​လေးပါ
USB နဲ့ Windows 7 instllation လုပ်​နည်း​လေးပါ
******************************************
မသိ​သေးတဲ့သူများအတွက်​​နော်
(Windows 7 Bootable USB Memory Drive.)
                  *ပြုလုပ်​နည်း*
                 ***********
DVD Drive မရှိတဲ့ Laptop, Desktop တွေ၊ Netbook တွေကို memory Stick(USB) ကနေ Windows 7 ကိုအလွယ်တကူတင်နိုင်ပါတယ်။
Memory Stick Size (Free Space 4Gb) အနည်းဆုံးရှိရပါမည်။ Stick ထဲတွင် Data များရှိပါက ပြောင်းရွှေ့ Backupလုပ်ထားရန်အရေးကြီးပါသည်။
Bootable Disk ပြုလုပ်ရန်အတွက် Software အသုံးပြုရန်မလိုအပ်ပါ။ CLI (Command Line Interface)mode ဖြင့်လွယ်ကူစွာ ပြုလုပ်နိုင်ပါသည်။
ပြုလုပ်ရန်အတွက် Computer တစ်လုံးတွင် Memory Stick ကိုတပ်ကာ အောက်ပါအဆင့်များကို ပြုလုပ်ရပါမည်။
Start > Run (windows key + R) > cmd
Diskpartဟုရိုက်​ပါ
List disk ဟုရိုက်​ပါ
List disk command ဖြင့် memory Stick ကိုရှာရပါမယ်။ memory Stick က disk2တွင်ရောက်ရှိ နေရင်​ Select disk 2 ကို ရိုက်ရပါမည်။disk 1 ဆိုပါက disk1ကို​ရွေးပါ။
  ယခု disk 1 ကို ​ရွေးပါမည်​.
Select disk 1 ဟုရိုက်​ပါ
Disk 1 is now the selected disk.
Detail disk ဟုရိုက်​ပါ
ရွေးချယ်ထားသော Memory stick ၏ Status ကို detail ပြပေးမှာဖြစ်​ပါသည်။
Clean ဟုရိုက်​ပါ
Diskpart succeeded in cleaning the disk.
Create partition primary ဟုရိုက်​ပါ
Diskpart succeeded in creating the specified partition.
Select partition 1 ဟုရိုက်​ပါ
        (1 ကို​ရွေးခဲ့လို့ 1 ဟုရိုက်​သည်​။)
Partition 1 is now the selected partition.
Memory stick ကို Partition ပိုင်းရန်လိုအပ်သည်​၊ Partition 1 ရွေးခြင်းသည် disk volume ရွေးခြင်းနှင့်မ သက်ဆိုင်ပါ။
Active ဟုရိုက်​ပါ
Diskpart marked the current partition as active.
Format fs=fat32 ဟုရိုက်​ပါ
100% ပြီးဆုံး​အောင်​​စောင့်​​ပေးပါ.
Format 100 % ပြီးဆုံးလျှင်၊ drive letter auto assign ရရှိရန် command တွင် assign ဟုရိုက်ရပါမည်။
Assign ဟုရိုက်​ပါ
Diskpart successfully assigned the drive letter or mount point.
Exit ဟုရိုက်​ပြီး cmd မှထွက်​ပါ။
ယခုဆိုလျှင် CLI (Command Line interface) mode ဖြင့် ပြုလုပ်ရမည့်လုပ်ငန်းစဉ်များ ပြီးဆုံးပါပြီ။
နောက်ဆုံးအဆင့်အနေဖြင့် Windows7 DVD ခွေထဲမှ Files များအားလုံးကို Copy ကူးယူကာ Bootable USB disk ထဲသို့ကူးထည့်ခြင်းဖြင့် လုပ်ငန်းစဉ်များကို အောင်မြင်စွာအဆုံးသတ်
်နိုင်ပါပြီ။
အသုံးပြုမည့်စက်တွင် ယခင် DVD ဖြင့် Windows တင်သည့်အတိုင်း BIOS ၏ Boot Option နေရာတွင် First Boot ကို USBရွေးချယ်ခြင်းဖြင့် USB
မှ တစ်ဆင့် Boot တက်ကာ လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။
မူရင်း Web Link : http://bitsquad.co.in/2011/05/windows-7-bootable-usb/ တွင်လည်းလေ့လာနိုင်ပါသသည်​။။။
Folder တစ်ခုကို ဖွင့်မရအောင်ပြုလုပ်ခြင်း
REMOTE CONTROL SWITCH
REMOTE CONTROL SWITCH
:::::::::::::::::::::::::::::::::::::::::::::::::::::
     ရီမုတ်ကွန်ထရိုးဖြင့် အိမ်သုံးလျှပ်စစ်ပစ္စည်း
တစ်ခုခုကို ဖွင့်/ပိတ်နိုင်တဲ့ ဆားကစ်ပတ်လမ်း
လေးကို ဖော်ပြပေးလိုက်ပါတယ်။
     မည်သည့် IR (အင်ဖာရက် မီးလုံး) ရီမုတ်
ဖြစ်စေ အသုံးပြုနိုင်ပါတယ် ။
     ရီမုတ်ကွန်ထရိုးမှ အလင်းလှိုင်းကိုဖမ်းယူရန်
IR ဆင်ဆာ(receiver) ကို DVD ၊ VCD
စက် အဟောင်းများထဲမှာ ရယူနိုင်ပါတယ်။
    ပုံ(2)ပတ်လမ်းတွင် 10uf နေရာ၌ 0.1uf
(104) ဒစ်ကွန်ဒင်ဆာကို အသုံးပြု ရပါမယ်။
   ဆားကစ်ပတ်လမ်း၏ အလုပ် လုပ်ပုံမှာ လွယ်
ကူပါသည်။ IR ဆင်ဆာမှ ဖမ်းယူရရှိသော အ
လင်းလှိုင်းကို pnp ထရန်စစ္စတာ C9015
သို့ သွင်းပါသည်။
    ထိုသို့ ပေးသွင်းလိုက်သောအခါ အိုင်စီ၏ ပင်
2 သည် Hi(ဗို့ အားထွက်)ဖြစ်မည်ထို့ နောက်
ဒုတိယပင် 4 သည် Hi ဖြစ်မည်။ ပင် 4 Hi ဖြစ်၍ ဗို့ အားထွက်သောအခါ ပင်15(reset)
နှင့် ဆက်သွယ်ထားသောကြောင့် Hi ဖြစ်ခြင်း
လုပ်ငန်းစဉ် အစမှပြန်လည်စတင်ပြန်ပါသည်။
  ထိုအခါ အိုင်စီ၏ ပင် 2 သည် အဝင်လှိုင်းပေါ်
မူတည်၍ ဗို့ အားထွက်လိုက် မထွက်လိုက် (L/
H) ဖြစ်ပေါ်နေပါမည်။ ပင် 2 နှင့် ဆက်သွယ်
ထားသော LED မှာ လင်းလိုက်မှိတ်လိုက် ဖြစ်
နေပါမည်။
   တဆက်တည်းအသုံးပြုထားသော npn ထရန်စစ္စတာ C828 သည်လည်း LED လင်း
လျှင် ရီလေးသို့  ဗို့ အားရောက်ရှိပြီး သံလိုက်ဆွဲ
ကာ ရီလေးခလုပ်ကို ဆက်ပေးမည်။LED မှိတ်
လျှင် ရီလေးခလုပ်ကို ခွါပေးမည်။
    ဆိုလိုသည်မှာ LED လင်းလျှင် ရီလေးနှင့်
ဆက်သွယ်ထားသော အဖြူ ရောင်ဓါတ်ကြိုး နှစ်
စကို ရီလေးက ဆက်ပေး၍ LED မှိတ်လျှင် ခွါ
ပေးလိုက်ပါသည်။(ဖွင့်/ပိတ် ပြုလုပ်လိုသော
လျှပ်စစ်ပစ္စည်း၏ ခလုပ်နေရာတွင် ဓါတ်ကြိုးဖြူ
နှစ်စနှင့် ဆက်သွယ်ရမည်)။
   ရီမုတ်ကွန်ထရိုးပေါ်မှ ခလုပ်တစ်ခုခုကို ဆက်
တိုက်နှိပ်ထားလျှင် ရီလေးသည် ကပ်လိုက်
ခွါလိုက်လုပ်နေ၍ ၎င်းနှင့်ဆက်သွယ်ထားသော
လျှပ်စစ်ပစ္စည်းမှာ ပိတ်လိုက်ဖွင့်လိုက် ဖြစ်နေပါ
မည်။
   ပိတ်နေသောအလှည့်တွင် ရီမုတ်ပေါ်မှ ခလုပ်ကို လွှတ်လိုက်လျှင် အပြီးပိတ်သွား၍ ဖွင့်
အနေအထားတွင်ထားပါက အမြဲဖွင့်နေမည်။
ပါဝင်ပစ္စည်းများ
IC 4017.
IC 7805.
TR C9015(pnp transistors).ebc
TR C828 (npn transistor).ecb
R 4.7k  two resistor.
R 1k.     one
R 100k. one
R 200  ohm .one
12 V  Relay, one
0.1 uf (104) pf discondenser.
IR (Remote Sensor Receiver).
ဝါသနာရှင် ညီငယ်အပေါင်း တည်ဆောက်
အောင်မြင်ကြပါစေ။
Wednesday, August 14, 2019
LinkWithin
Related Posts Plugin for WordPress, Blogger...