မြတ်ဘုရား

လာရောက်လည်ပတ်ကြသူများရွှင်လန်းချမ်းမြေကြပါစေ
picoodle.com

မြန်မာစံတော်ချိန်

Tuesday, April 24, 2018

TWZ W55 Unlock

ခုနောက်ပိုင်းမှာ လူသုံးများနေတဲ့ keypad ဖုန်း TWZ model W55 V09
အတွက် SIM Unlock ပြု လုပ်နိုင်မဲ့ဖိုင်လေး ဖြစ်ပါတယ်။ ဒီဖုန်းလေးဟာ
ဈေးနှုန်းလည်းသက်သာပြီး လူတန်းစားမရွေး သုံးနိုင်တာကြောင့်
လူသုံးလည်းများတဲ့ ဖုန်းလေးဖြစ်ပါတယ်။ ဖုန်းလေးက SPD အမျိုးအစားလေး
ဖြစ်တာကြောင့် SPD Upgrade Tool ကိုအသုံးပြု ကာ Flash ပေးရမှာပါ။
ပေးထားတဲ့ Unlock ဖိုင်အတွက် rar ထဲမှာ လိုအပ်တဲ့ Driver နဲ့အတူ SPD Upgrade Tool
ပါ ပါဝင်ပါတယ်။ Unlock ပြု လုပ်ပြီးရင်တော့ ကြိုက်နှစ်သက်ရာ SIM ကိုထည့်သုံးနိုင်ပါပြီ။
လိုအပ်ပါက ရယူနိုင်ပါတယ်။



•°•°•°• Unlock File Download Link •°•°•°•

Saturday, April 21, 2018

နည်းပညာ ၎

LED တစ်လုံးပေါ်ကျရောက်သော Voltage Drop ဆိုတာနှင့် LED ပေါ်မှ ဖြတ်စီးသွားသော Ampere တန်ဖိုး ဘယ်လောက်ရှိသင့်သလဲ
Basic Electronic Engineering
၁။ LED တွေဟာ အနည်းဆုံး 1.7V ရရှိမှသာလျင် Operate ပြုလုပ်နိုင်ကြပါတယ်။ နောက်တစ်ချက်ကတော့ LED တွေမှာ Resistor ခံရတဲ့ ရည်ရွယ်ချက်ကတော့ LED ကို ဖြတ်စီးသွားမယ့် Current တန်ဖိုးကို Limit ပြုလုပ်ဖို့ပဲဖြစ်ပါတယ်။ Voltage တန်ဖိုး အနေနဲ့ Constant ပေးထားခဲ့မယ် ဆိုရင် Resistor ရဲ့ တန်ဖိုး အနည်း/အများပေါ် လိုက်ပြီးတော့ Current တန်ဖိုးလည်း လိုက်ပါ ပြောင်းလဲနေမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ LED တွေရဲ့ Anode and Cathode ကို မှန်ကန်စွာ ချိတ်ဆက်ပေးနိုင်ဖို့ပဲဖြစ်ပါတယ်။ Power Source ရဲ့ Positive ဘက်ခြမ်းကို LED ရဲ့ Anode ဘက်အခြမ်း (Pin အရှည်ဘက်အခြမ်း) နဲ့ ဆက်သွယ်ပေးပြီးတော့ Cathode ဘက်အခြမ်းကို Power Source ရဲ့ Negative ဘက်အခြမ်းနဲ့ ဆက်သွယ်ပေးဖို့ပဲဖြစ်ပါတယ်။ ပထမ ဆုံးပုံမှာ လေ့လာနိုင်ပါတယ်။

၂။ နောက်တစ်ချက်ကတော့ LED ပေါ်မှာ ကျရောက်တဲ့ Voltage Drop တန်ဖိုး ဖြစ်ပါတယ်။ အရင်နေ့က LED အရောင်တွေ အပေါ်မူတည်ပြီးတော့ အဆိုပါ LED တွေပေါ်မှာ ကျရောက်သင့်တဲ့ Voltage Drop တန်ဖိုးတွေကို ပုံနဲ့ ဖော်ပြခဲ့ဖူးပါတယ်။ LED တစ်လုံးကို Resistor တစ်လုံးနဲ့ ချိတ်ဆက်လိုက်ရင် အဆိုပါ ချိတ်ဆက်လိုက်တဲ့ Resistor ကို Voltage Dropping Resistor သို့မဟုတ် Current Limiting Resistor လို့ ခေါ်ဆိုနိုင်ပါတယ်။ Power Supply တန်ဖိုးကို အသေထားပြီးတော့ LED တစ်လုံးနဲ့ ဆက်သွယ်ထားတဲ့ Resistor တန်ဖိုးတွေကို ပြောင်းလဲကြည့်မယ် ဆိုရင် (Variable Resistor နဲ့ ဆက်သွယ်ပြီးတော့ Resistance တန်ဖိုးတွေကို ပြောင်းလဲ ကြည့်မယ် ဆိုရင်) အဆိုပါ Voltage Drop တန်ဖိုးနှင့် ဖြတ်စီးသွားမယ့် Current တန်ဖိုးဟာလည်း ပြောင်းလဲသွားမှာပဲဖြစ်ပါတယ်။

၃။ အောက်မှာ ဖော်ပြထားတဲ့ ဒုတိယ ပုံမှာတော့ Power Source တန်ဖိုးတွေ ပြောင်းလဲသွားပြီးတော့ Resistance တန်ဖိုးတွေပါ လိုက်ပါ ပြောင်းလဲသွားတဲ့ နေရာမှာ Red LED ပေါ်မှာ ကျရောက်တဲ့ Voltage တန်ဖိုးက Constance ဖြစ်ပြီးတော့ Current ကတော့ တန်ဖိုးပြောင်းလဲ သွားတာကို လေ့လာနိုင်မှာပဲဖြစ်ပါတယ်။ LED တစ်လုံးကို ဖြတ်စီးသွားမယ့်  Current တန်ဖိုး များလေလေ LED ကနေ ထွက်ပေါ်လာမယ့် အလင်းရောင်ကလည်း ပိုမို လင်းလာလေလေပဲဖြစ်ပါတယ်။

၎။ LED တစ်လုံးကို အပေါ်မှာ Resistor ကို ထားရမလား ၊ အောက်မှာ Resistor ထားရမလား ဆိုရင် ဘယ်နေရာမှာပဲ ထားထား Voltage Drop တန်ဖိုးနှင့် Current တန်ဖိုးက အတူတူပဲဖြစ်ပါတယ်။ ဒုတိယ ပုံနှင့် တတိယ ပုံကို နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။

၅။ LED တစ်လုံးအတွင်းကို ဖြတ်စီးသွားမယ့် Current တန်ဖိုးဟာ များလာလေလေ LED ကနေ ထွက်ပေါ်လာမယ့် အလင်းရောင်ဟာလည်း ပိုမို တောက်ပလာလေလေ ဖြစ်သော်လည်း Current တန်ဖိုး အရမ်းများလာရင် LED တွေဟာ ကျွမ်းသွားမှာ (Burn Out) ဖြစ်သွားမှာပဲဖြစ်ပါတယ်။

၆။ အဲဒါဆို LED တွေကို ဖြတ်စီးသွားမယ့် Current တန်ဖိုးအနေနဲ့ ဘယ်လောက် ရှိသင့်သလဲ ဆိုတာက အရေးကြီးလာပါပြီ ။ ၄င်းကတော့ ကိုယ်လိုချင်တဲ့ အလင်းရောင် ရရှိမှု အခြေအနေ ၊ LED တစ်လုံးအနေနဲ့ အများဆုံး ခံနိုင်ရည် ရှိတဲ့ Current တန်ဖိုး စတာတွေပေါ်မူတည်မှာပဲဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ LED အမျိုးအစားအနေနဲ့ များစွာရှိတဲ့ အတွက် ဘယ်လောက် Current စီးဆင်မှ ကိုက်ညီမှု ရှိတယ် ဆိုတာကတော့ ပြောရခက်ပါတယ်။ LED အမျိုအစားတွေ အပေါ်လိုက်ပြီးတော့ ဖြတ်စီးသွားသင့်တဲ့ Current တန်ဖိုးတွေဟာလည်း တစ်မျိုးနှင့် တမျိုး မတူညီနိုင်ပါဘူး ။ တချို့ LED တွေက 1mA လောက်ဆိုရင် စတင်ပြီးတော့ လင်းချင်ရင် လင်းနေနိုင်ပေမယ့် တချို့ကျတော့ ၄င်း Current တန်ဖိုးထက် ပိုမို ပေးရတာတွေလည်း ရှိနိုင်ပါတယ်။ အဲဒါကတော့ Experience ပေါ်မှာ မူတည်မှာပဲဖြစ်ပါတယ်။ (ပိုလင်းလေ ၊ ပိုကောင်းလေ လို့ ယူဆလို့ မရပါဘူး။)

၇။ ဒါဆိုရင်တော့ LED တလုံးကို နှစ်ပေါင်းများစွာ မပျက်စီးစေပဲ အသုံးပြုနိုင်ဖို့ ဘာတွေ လိုအပ်မယ် ဆိုတဲ့ Idea တော့ ရရှိမယ် ထင်ပါတယ် ။ စာတွေထဲမှာတော့ LED တလုံးဟာ ပျမ်းမျှ သက်တမ်းအနေနဲ့ သူ့ပေးရမယ့် Voltage တန်ဖိုး ၊ စီးဆင်းသွားမယ့် Current တန်ဖိုးတွေသာ မှန်ကန်ရင် နာရီ ၁၀,၀၀၀ နဲ့ ၅၀,၀၀၀ ကြားမှာ (၄၁၆ ရက်ကနေ ၂၀၈၃ ရက်အထိ) (၁ နှစ်ကနေ ၅ နှစ်အထိ) အသုံးပြုနိုင်တယ်လို့ ရေးထားပါတယ် ။

ကျေးဇူးတင်ပါတယ်။

ကိုမျိုး (အီလက်ထရောနစ်)



နည်းပညာ ၃

Relay နှင့် ပတ်သက်တဲ့ အကြောင်း
====================
Basic Electronic Engineering
ကိုမျိုးအီလက်ထရောနစ်

၁။ Relay ဆိုတာ Electro Mechanical Switch အမျိုးအစား တစ်မျိုး ဖြစ်ပါတယ်။ တနည်းအားဖြင့် Inductance နှင့် ပတ်သက်တဲ့ Effect တွေကို အခြေခံပြီးတော့ ပြုလုပ်ထားတဲ့ Switch အမျိုးအစားပါ။

၂။ Relay ရဲ့ အတွင်းပိုင်းမှာ Coil တစ်ခု ပါဝင်ပါတယ်။ အဆိုပါ Coil ကို Power Supply တစ်ခု ပေးလိုက်တဲ့ အခါမှာ Induced ဖြစ်သွားပြီးတော့ ၄င်းရဲ့ ဘေးပတ်ဝန်းကျင်မှာ Magnetic Field တစ်ခုကို ဖြစ်စေတာပါ ။ အဆိုပါ Field ကနေ ၄င်းရဲ့ ဘေးမှာ ရှိတဲ့ Switch ကို  အနေအထား တွေ ပြောင်းလဲလုပ်ဆောင်စေတာပဲဖြစ်ပါတယ်။ ဒါကြောင့် Relay တွေရဲ့ Schmetic Symbol တွေကို လေ့လာတဲ့ အခါမှာ Coil ပုံစံလေး တစ်ခုရယ် နှင့် Switch ပုံစံလေး တစ်ခုကို ထည့်သွင်းရေးဆွဲကြတာပဲဖြစ်ပါတယ်။ အဆိုပါ Coil အပိုင်းနှင့် Switch အပိုင်းဟာ တစ်ခုနှင့် တစ်ခု ဆက်သွယ်ချိတ်ဆက်ထားခြင်း မရှိကြပါဘူး။ (Electrically အရဆိုရင် တစ်ခုနှင့် တစ်ခုက Isolated ဖြစ်နေကြပါတယ်။)

၃။ အခြေခံအကျဆုံးအနေနဲ့ Switch ကတော့ SPST(Single Pole Single Throw) အမျိုးအစားပုံစံ Switch အမျိုအစား ဖြစ်ပါတယ်။ တစ်ကြိမ်မှာ Switch က တစ်နေရာကို ရောက်ရှိနေမယ် ဆိုရင် Open ဖြစ်နေမယ် ။ နောက်တစ်ကြိမ်မှာ Closed ဖြစ်နေမယ် ဆိုတဲ့ သဘောပါ။ အောက်မှာ ပုံတွေကို လေ့လာနိုင်ပါတယ်။

၎။ နောက်တစ်ချက်အနေနဲ့ Relay တွေရဲ့ Cover ကို Plastic အကြည်နဲ့ တည်ဆောက်ထားတဲ့ Relay အမျိုးအစားတွေ ရှိကြသလို ၊ Plastic အမဲရောင်နှင့် ကိုယ်ထည်တစ်ခုလုံးကို Seal ပြုလုပ်ပြီးတော့ ဖြစ်စေ ၊ Plastic အပြာရောင်နှင့် ကိုယ်ထည်တစ်ခုလုံးကို Seal ပြုလုပ်ပြီးတော့ ဖြစ်စေ တည်ဆောက်ထားကြတဲ့ Relay ပုံစံတွေလည်း ပြည်တွင်းမှာ အလွယ်တကူ ၀ယ်လို့ ရနိုင်ကြပါတယ်။ အဆိုပါ Plastic နှင့် Seal ပြုလုပ်ထားတဲ့ ကိုယ်ထည်ရဲ့ အပြင်မှာတော့ Pin တွေကိုသာ ထုတ်ထားခြင်း ဖြစ်ပါတယ်။ တကယ်လို့များ Induced Effect နှင့် ပတ်သက်ပြီးတော့ လက်တွေ့ အနေနဲ့ မြင်ချင်တယ် ဆိုရင်  ကိုယ်ထည်မှာ Plastic အကြည်ရောင်နှင့်တည်ဆောက်ထားတဲ့ Relay တွေကို လေ့လာနိုင်ပါတယ်။ အဆိုပါ Relay မှာ ဆိုရင် Power Source တစ်ခု ပေးလိုက်တာနှင့် အတွင်းထဲက Coil ကနေ Induced ကြောင့် Switch တွေ Open ဖြစ်သွား ၊ Closed ဖြစ်သွားတဲ့ အခြေအနေကို တွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။

၅။ Relay တွေမှာလည်း ဘယ်လောက် Ampere မှာသာ Operate ပြုလုပ်နိုင်တယ် ဆိုတဲ့ Current Rating သတ်မှတ်ချက်တွေ ရှိကြပါတယ်။ အကြမ်းဖျဉ်းအနေနဲ့ Ampere Rating နည်းနည်းမှာ ဆိုရင် Signal ပိုင်းဆိုင်ရာမှာ အသုံးပြုရန် အတွက် ဖြစ်ပါတယ်။ Ampere Rating များရင် Power ပိုင်း ဆိုင်ရာမှာ အသုံးပြုရန် အတွက်ပဲဖြစ်ကြပါတယ်။ များသော အားဖြင့် 2A ရဲ့ အောက်ဆိုရင် Signal ပိုင်းဆိုင်ရာ Switch တွေကို အသုံးပြုဖို့ပါ။ 2A ရဲ့ အထက်ဆိုရင်တော့ Power ပိုင်းဆိုင်ရာ Switching တွေကို အသုံးပြုဖို့ပဲဖြစ်ပါတယ်။ Relay ​တွေမှာ DC Volt တန်​ဖိုး​ပေးပြီး​တော့ Coil ကို Induced ဖြစ်​​စေတာပါ ။ ဒါ​ကြောင့်​ 5V,12V,24V Relay ဆိုပြီး​တော့ ​ပြော​နေကြတာဟာ Coil ကို Induced ဖြစ်​​အောင်​​ပေးရမယ့်​ Voltage တန်​ဖိုး​တွေပါ ။ Volt ကို ​ပြောရင်​ Relay တစ်​လုံး အလုပ်​လုပ်​ဖို့ (Coil ကို Induced) ဖြစ်​​စေဖို့ Amp Rating တန်​ဖိုး ဘယ်​​လောက်​လိုသလဲ ဆိုတာကို ​ပြောရမှာပါ ။ ​အောက်​က ဇယားမှာ Coil Rating ဆိုပြီး​တော့  ​ဖော်​ပြ​ပေးထားပါတယ်​။ Switch ဘက်​က​နေ ဘယ်​​လောက်​ Volt and Current တန်​ဖိုးကို ခံနိုင်​ရည်​ ရှိတယ်​ ဆိုတာကိုလည်း ​အောက်​က ဇယားမှာ Contact Rating ဆိုပြီး​တော့  ထပ်​မံ​ဖော်​ပြ​ပေးထားပါတယ်​ ။ (ဥပမာ 250V 10A AC,  30V 10A DC ဆိုတာမျိုးပါ။)

၆။ နောက်တစ်ချက်ကတော့ Relay မှာ ရှိတဲ့ Switch တွေရဲ့ အလုပ်လုပ်ဆောင်နိုင်တဲ့ ပုံစံ အတိုင်း Relay ကို အလုပ်လုပ်ဆောင်ပုံတွေအောက်ပါ အတိုင်းပဲ ခွဲခြားထားပါတယ်။

NO (Normally Open) အခြေအနေ ဆိုတာကတော့ Relay ကို Power တစ်ခု မပေးခင်မှာ Relay မှာ ပါဝင်တဲ့ Switch ဟာ Open ဖြစ်နေတဲ့ အခြေအနေပါ။ Relay ကို Power ပေးလိုက်တဲ့ အခါမှသာလျင် Relay မှာ ပါဝင်တဲ့ Switch တွေဟာ Closed ဖြစ်သွားတဲ့ အခြေအနေကို ဆိုလိုခြင်းဖြစ်ပါတယ်။ 

NC (Normally Close) အခြေအနေ ဆိုတာကတော့ Relay ကို Power တစ်ခု မပေးခင်မှာ Relay မှာ ပါဝင်တဲ့ Switch ဟာ Closed ဖြစ်နေတဲ့ အခြေအနေပါ။ Relay ကို Power ပေးလိုက်တဲ့ အခါမှသာလျင် Relay မှာ ပါဝင်တဲ့ Switch တွေဟာ Open ဖြစ်သွားတဲ့ အခြေအနေကို ဆိုလိုခြင်းဖြစ်ပါတယ်။  NC ကတော့ NO နှင့် ပြောင်းပြန် အခြေအနေကို ဆိုလိုခြင်းဖြစ်ပါတယ်။

Latching Relay ဆိုတာကတော့ Relay ကို Power တစ်ခု ပေးလိုက်ရင် Open or Closed ဆိုတဲ့ အခြေအနေ ထဲက အခြေအနေ တစ်ခုကို Operate ဖြစ်နေစေတာပါ။ တကယ်လို့ Power ပိတ်လိုက်သော်လည်း အဆိုပါ အခြေအနေ တစ်ခုက ဆက်လက်ပြီးတော့ ဖြစ်နေဆဲ ကို ဆိုလိုခြင်းဖြစ်ပါတယ်။ အဆိုပါ Power ကို ပထမ အကြိမ် ပိတ်ပြီးတော့ နောက်တစ်ကြိမ် ထပ်ပေးမှသာလျင် မူလ အခြေအနေက ပြန်ပြောင်းသွားစေတာပဲဖြစ်ပါတယ်။

၇။ Relay တွေနဲ့ ပတ်သက်ပြီးတော့ Switch တွေရဲ့ တည်ဆောက်ပုံကို ခွဲခြားပြီးတော့လည်း လိုအပ်ချက် အလိုက် အောက်ပါ အတိုင်း အသုံးပြု နိုင်ပါသေးတယ်။

SPST Relay ဆိုတာကတော့ Relay မှာ Pin ၄ ခု ပါဝင်ပါမယ်။ အဆိုပါ Pin ၄ ခုမှာ Coil အတွက်က အသုံးပြုဖို့ Pin က ၂ ခုပါ ။ Switch အတွက်ကတော့ ၂ ခု ဖြစ်ပါတယ်။ ပုံမှာ ပြထားပါတယ်။

SPDT Relay ဆိုတာကတော့ Relay မှာ Pin စုစုပေါင်း ၅ ခု ပါဝင်ပါတယ် ။ Coil ကို Power ပေးလိုက်ရင် Switch ရဲ့ အခြေအနေ ၂ ခုထဲက အခြေအနေ ၁ ခုကို Operate ပြုလုပ်စေတဲ့ အမျိုးအစားပါ။ Power ကို ပေးသွင်းတာ ရပ်တန့်လိုက်လျင် မူလ အခြေအနေ Switch ရဲ့ Positiion ကို ပြန်ရောက်သွားစေနိုင်တဲ့ အမျိုးအစားပါ ။ Coil ကို Power ပေးလိုက်တဲ့ အခါမှာ Relay ရဲ့ အတွင်းထဲကနေ Tick ဆိုတဲ့ Switch ရဲ့ အလုပ်လုပ်ပုံလေးကိုလည်း ကြားရနိုင်ပါတယ်။ ပုံမှာလည်း ပြထားပါတယ်။

DPST Relay ဆိုတာကတော့ Relay မှာ Pin စုစုပေါင်း ၆ ခု ပါဝင်ပါမယ်။ Coil တစ်ခုနှင့် Switch အနေနဲ့ ၂ စုံ ပါဝင်ပါတယ် ။ Relay ကို Power ပေးလိုက်တာနှင့် အဆိုပါ Switch ၂ စုံ စလုံးဟာ တစ်ပြိုင်နက်တည်း Operate ပြုလုပ်ခြင်းဖြစ်ပါတယ်။ ပုံမှာလည်း ပြထားပါတယ်။

DPDT Relay ဆိုတာကတော့ Relay မှာ Pin စုစုပေါင်း ၈ ခုပါဝင်ပါတယ်။ Coil တစ်ခုနှင့် SPDT Switch Pair ၂ စုံ ပါဝင်ပါတယ်။ Relay ကို Power ပေးလိုက်တာနှင့် အဆိုပါ SPDT အမျိုးအစား Switch ၂ စုံ စလုံးက SPDT Relay လုပ်ဆောင်ချက်တုန်းကအတိုင်း အလုပ်လုပ်စေမှာပဲဖြစ်ပါတယ်။ SPDT ရဲ့ အလုပ်လုပ်တဲ့ ပုံစံနှင့် သဘောတရာ အတူတူပါ။  SPDT မှာ Switch တစ်စုံ နေရာမှာ DPDT မှာတော့ Switch ၂ စုံ ဖြစ်သွားခြင်းပဲကွာခြားပါတယ်။

ကျေးဇူးတင်ပါတယ်

ကိုမျိုး (အီလက်ထရောနစ်)

နည်းပညာ ၂

SMD Component (IC) များအကြောင်း
=====================
Basic Electronic Engineering

၁။ IC တွေမှာ DIP (Dual Inlined Package) အမျိုးအစားနဲ့ SMD ဆိုပြီးတော့ ရှိကြပါတယ်။

၂။SMD IC တွေမှာတော့ Pin အရေအတွက် အနေနဲ့လည်း အနည်းဆုံး 14 Pin လောက်ကနေ အများဆုံး 200 Pin လောက်ထိ ရှိကြပါတယ်။ Pin တွေဟာ IC အမျိုးအစား တခုနဲ့တခု တည်ဆောက်ပုံ မတူညီကြပါဘူး။ တချို့ Pin တွေဟာ IC တွေရဲ့ ဘေးမျက်နှာစာ ၂ ဘက်မှာ ရှိကြပါတယ်။ တချို့  Pin တွေကတော့ လေးထောင့်ပုံ IC တွေရဲ့ မျက်နှာစာ ၄  ဘက်စလုံးမှာ ရှိကြပါတယ်။ တချို့ IC တွေကတော့ IC ရဲ့ အောက်ခြေမှာ Pin ပုံစံ Pad လေးတွေအနေနဲ့ ရှိကြပါတယ်။



၃။IC တွေဟာ Package အမျိုးအစားအလိုက် အောက်ပါအတိုင်းရှိကြပါတယ်။

 (က) SOIC=Small Outline Integrated Circuit

SOIC မှာ Pin တွေဟာ IC ရဲ့ မျက်နှာစာ ၂ ဘက်မှာ တပ်ဆင်ထားပြီးတော့ Pin တခုနဲ့ တခု

အကွာအဝေးအနေနဲ့ 1.27 mm ရှိကြပါတယ်။

 (ခ) TSOP= Thin Small Outline Package

  TSOP ဟာ SOIC Package အမျိုးအစားထက်ပိုပြီးတော့ ပါးလွာပါတယ်။ Pin တခုနဲ့တခု

  အကွာအဝေး အနေနဲ့လည်း 0.5mm ပဲရှိပါတယ်။

 (ဂ) SSOP = Shrink Small Outline Package

  Pin တခုနဲ့ တခု အကွာအဝေးအနေနဲ့ 0.635 mm ပဲရှိပါတယ်။

 (ဃ) TSSOP=Thin Shrink Small Outline Package

 ( င) PLCC= Plastic Leaded Chip Carrier

PLCC ကတော့ လေးထောင့် ပုံစံ IC Package အမျိုးအစား ဖြစ်ပြီးတော့ Pin တွေဟာ J ပုံစံတွေဖြစ်ပါတယ်။ Pin တခုနဲ့ တခု အကွာအဝေးကတော့ 1.27 mm ရှိပါတယ်။

 (စ) QSOP=Quarter-Size Small Outline Package

  Pin တခုနဲ့ တခု အကွာအဝေး အနေနဲ့ကတော့ 0.635 mm ရှိပါတယ်။

 (ဆ) VSOP=Very Small Outline Package

VSOP ရဲ့ အရွယ်အစားဟာ QSOP ထက်သေးငယ်ပါတယ်။ Pin တခုနဲ့ တခု အကွာအဝေး 0.4mm ၊ 0.5mm (သို့မဟုတ်) 0.65mm စသဖြင့် ရှိနိုင်ပါတယ်။

 (ဇ) LQFP=Low Profile Quad Flat Pack

LQFP Package အမျိုးအစားမှာတော့ Pin တွေဟာ လေးမျက်နှာ စလုံးမှာ ပါရှိပါတယ်။ Pin တွေတခုနဲ့တခု အကွာအဝေးမှာတော့ အမျိုးမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် Pin ရဲ့ အမြင့်ကတော့ 1.4 mm ပဲရှိပါတယ်။

 (စ်) PQFP= Plastic Quad Flat Pack

PQFP မှာလည်း မျက်နှာစာ လေးဖက်စလုံးမှာ Pin တွေ ရှိကြပြီးတော့ မျက်နှာစာ တဘက်စီမှာ ရှိကြတဲ့ Pin အရေအတွက် အနေနဲ့ တူညီကြပါတယ်။

 (ည) CQFP=Ceramic Quad Flat Pack

  ပုံစံအနေနဲ့ကတော့ PQFP ပုံစံဖြစ်ပြီးတော့ Ceramic အမျိုးအစား ဖြစ်ပါတယ်။

 (ဋ) TQFP=Thin Quad Flat Pack

  PQFP ပုံစံ အသေးစား ဖြစ်ပါတယ်။

 (ဌ) BGA=Ball Grid Array

  (BGA အကြောင်းကိုတော့ Post တခု အနေနဲ့ သပ်သပ်ရေးသားပါ့မယ်။)

၎။ အောက်ကပုံတွေမှာ IC package တွေကို သက်ဆိုင်ရာ အခေါ်အဝေါ် အလိုက် ဖော်ပြပေးထားပါတယ် ။ တချို့ပုံတွေမှာ Dimension တွေပါ အသေးစိတ် ဖော်ပြပေးထားပါတယ် ။ Online မှာ ဒီထက် အသေးစိတ် အနေနဲ့ လည်း ရှာဖွေလေ့လာနိုင်ပါတယ် ။
ကျေးဇူးတင်ပါတယ်။
ကိုမျိုး(အီလက်ထရောနစ်)







နည်းပညာ

LVDS cable ကိုကြည့်ပြီး Resolution ခွဲနည်းလေးပါ
( 1 ) နှစ်ပင်လိမ်ကြိုးအုပ်စု " 4 " ခုပါလျှင် 👉🏻            1 CH      6 BIT👈🏻
( 2 ) နှစ်ပင်လိမ်ကြိုးအုပ်စု " 5 " ခုပါလျှင် 👉🏻 1 CH      8 BIT👈🏻
( 3 ) နှစ်ပင်လိမ်ကြိုးအုပ်စု " 8 " ခုပါလျှင်👉🏻 2 CH     6BIT👈🏻
(4)  နှစ်ပင်လိမ်ကြိုးအုပ်စု " 10 " ခုပါလျှင်👉🏻 2 CH     8 BIT👈🏻

Wednesday, April 18, 2018

True Smart 4.0 max V3.0.5 Network Unlock File ပါ။

True Smart 4.0 max V3.0.5 

Network Unlock File ပါ။

ပေးထားတဲ့ File လေးကို Download ဆွဲ ပြီး ပုံမှာပြထားတဲ့အတိုင်းFlash ပေးလိုက်ရင်ရပါပြီ။


MTiC Mobile Training
ကချင်ပြည်နယ်၏ပထမဆုံး မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်းကျောင်း
Password- MTiC



https://my.pcloud.com/publink/show…

Sunday, April 15, 2018

Frame





































LinkWithin

Related Posts Plugin for WordPress, Blogger...