၂၅၉။
(27-7-16 တွင်ဖော်ပြပြီး)
လောင်ကျွမ်းနေသော Resistor တန်ဖိုးဖတ်နည်း
🎆🎆🎆🎆🎆🎆🎆🎆🎆🎆🎆🎆🎆🎆🎆🎆
Resistor များပျက်စီးပြီဆိုလျှင် ohms တန်ဖိုးသည်မူလတန်ဖိုးထက်များသွားခြင်း
သို့မဟုတ် Open ဖြစ်သွားသည်ကများပါသည်
Resistor တွေဟာ အပူလွန်ကဲမှုကြောင့် resistor ရဲ့အလယ်လောက်မှ
မီးလောင်ကျွမ်းပြီးပျက်စီတတ်ပါတယ်
တစ်ချို့ resistors တွေက
တန်ဖိုးပြောင်းသွားတယ်
တစ်ချို့ resistors တွေက
အရောင်ပြောင်းသွားတယ်
တစ်ချို့ resistors တွေက
အက်ကွဲကုန်ကျတယ်
စသည်ဖြင့်အပူရဲ့ပြင်းထန်မှုပေါ်မူတည်ပြီး လောင်ကျွမ်းတတ်ကျသည်
ဒီအခါသင့်အနေဖြင့် မှီငြမ်းပြုစရာ circuit diagram မရှိပါက Resistor ရဲ့ မူလတန်ဖိုးကိုသိရှိရန်ခက်ခဲတတ်ပါသည်
ထိုအခြေအနေကိုဖြေရှင်းရန်အတွက်နည်းလမ်းများစွာရှိတဲ့အနက်က
ဦးစွာပထမနည်းလမ်းကို ဖော်ပြပါမည်
Resistor တွေရဲ့ အပေါ်ယံ color code ရဲ့အောက်တွင်ဝက်အူရစ်သဏ္ဌာန် မြောင်းလိုင်းထည့်သွင်းထားသည်
၎င်းအရစ်ကို ပုံသွင်းစက်နှင့်သို့မဟုတ် Laser beam ဖြင့် အချိုင့်ပြုလုပ်ထားပြီး
၎င်းမြောင်းလိုင်းထဲသို့ ကြွေထည်ပြုလုပ်သည့်
ကြွေရေထည့်သွင်းထားပါသည်
Resistor ရဲ့တန်ဖိုးပေါ်မူတည်ပြီး
အရစ်အနည်းအများပါဝင်ပါသည်
ထိုအချက်ကိုမူတည်ပြီး လောင်ကျွမ်းနေသော resistors ကို ၎င်းအရစ်ပေါ်သည်အထိ
မီးထပ်ရှို့လိုက်ပါ ပြီးလျှင် မောင်းချဓားနှင့်
အရစ်ပေါ်သည်အထိ ခြစ်ယူပါ
ထိုအခါသင့်အနေဖြင့် အရစ်မည်မျှပါသည်ကိုတွေ့ရပေမည်
ထိုအရစ်များကိုကြည့်ပြီး တန်ဖိုး အနဲဆုံး အများဆုံးကိုတွက်နိုင်ပြီဖြစ်သည်
(လက်တွေ့စမ်းသပ်ရန်သင့်အနီးအနားက Resistor ကိုအခုပဲမီးရှို့ပြီးစမ်းသပ်လိုက်ပါ)
အစားထိုးရာတွင်တန်ဖိုးအများမှအနဲသို့
တစ်ဖြေးဖြေးပြောင်း၍ပြုလုပ်ပါ
အောက်ပါပုံများကိုကြည့်၍တွက်ချက်ပါ
(မကြာမီ လောင်ကျွမ်းနေသော
Wire wound resistor ဖတ်နည်းရေးပါမည်)
=======================

No comments:
Post a Comment