မင်္ဂလာပါ။
ဒီအပတ်မှာတော့ Computer များကို Cable များဖြင့် Network ချိတ်ဆက်ရာတွင် အသုံးပြုရသော RJ 45 ခေါင်းညှပ်နည်းကို တင်ပေးလိုက်ပါတယ်ခင်ဗျာ။ ပုံကိုနှိပ်ပြီး စာကိုဖတ်ပါ။ Network ခေါင်းညှပ်တဲ့အခါ ညှပ်နည်း နှစ်မျိုးရှိပါတယ်။ Straight through နဲ့ Crossover တို့ပဲဖြစ်ပါတယ်။ Computer နှစ်လုံးကို Network Switch မသုံးပဲ ချိတ်ဆက်မည်ဆိုပါက Crossover နည်းဖြင့်ညှပ်ရပါမယ်။ Network Switch ကိုအသုံးပြုပြီး ချိတ်ဆက်မယ်ဆိုရင်တော့ Straight through နည်းဖြင့်ညှပ်ရပါမယ်။ RJ 45 Network ခေါင်းညှပ်တဲ့အခါမှာ Type နှစ်မျိုးရှိပါတယ် A Type နဲ့ B Type ပါ။ A Type နဲ့ B Type ဆိုတာကတော့ Network Cable အထဲမှာပါသော အရောင် ၈ ရောင်နဲ့Wire ကြိုးအသေးလေး ၈ ကြိုး ကို အစီအစဉ်အလိုက် စီတန်းရန် A Type & B Type ဆိုပြီးသတ်မှတ်ပေးထားတာပဲ ဖြစ်ပါတယ်။ အောက်မှာ A Type နဲ့ B Type ကြိုးများကို အရောင်များဖြင့် အစီအစဉ်အလိုက် စီတန်းပုံကိုပြထားပါတယ်။
A Type -
1. White/Green
2. Green
3. White/Orange
4. Blue
5. White/Blue
6. Orange
7. White/Brown
8. Brown
B Type
1. White/Orange
2. Orange
3. White/Green
4. Blue
5. White/Blue
6. Green
7. White/Brown
8. Brown တို့ပဲဖြစ်ပါတယ်။ Straight through နည်း ကိုအသုံးပြုမည်ဆိုပါက Network Cable အစွန်းတစ်ဖက်ကို A Type ညှပ်ပြီး ကျန်အစွန်းတစ်ဖက်ကို A Type ဆိုပြီး Type နှစ်ခုကိုတူအောင်ညှပ်ပေးရပါတယ်။ ဒါမှမဟုတ် နှစ်ဖက်လုံးကို B Type နဲ့လည်းညှပ်လို့ရပါတယ်။ Crossover နည်းကတော့ ကြိုးနှစ်ဖက်ကို Type မတူအောင်ညှပ်ပေးရပါတယ်။ ကြိုးတစ်ဖက်ကို A Type နဲ့ ကျန်ကြိုးတစ်ဖက်ကို B Type ဆိုပြီး မတူအောင်ညှပ်ပေးရပါတယ်။ အောက်မှာကြိုး ညှပ်နည်းများကို ပုံများကိုစာနဲ့အတူ ရှင်းပြထားပါတယ်

No comments:
Post a Comment