မြတ်ဘုရား

လာရောက်လည်ပတ်ကြသူများရွှင်လန်းချမ်းမြေကြပါစေ
picoodle.com

မြန်မာစံတော်ချိန်

Showing posts with label G730. Show all posts
Showing posts with label G730. Show all posts

Monday, December 12, 2016

G730-C00 မှာ Touch error ကိုဖြေရှင်းနိုင်မဲ့နည်းလမ်းလေးပါ။
Touch တွေဘယ်လောက်လဲလဲ လုံးဝအဆင်မပြေခဲ့ရင် ဒီနည်းလမ်းကို
အသုံးပြု နိုင်ပါတယ်။ ဆက်လက်လေ့လာကြည့်ကြရအောင်



Touch Socket မှာ Volt တိုင်းကြည့်ပါတယ်
ပုံပါအတိုင်း 2.8 တစ်ကြောင်း။ 1.8 ငါးကြောင်းနဲ့ Ground လေးကြောင်း ရှိမရှိတိုင်းကြည့်လိုက်တာ
ကျနော့် စက်ပြားမှာ I2C1 SDA ဆိုတဲ့ လမ်းကြောင်းမှာ 0.3 V ဖြစ်နေတာတွေ့ရပါတယ်။ ဒါနဲ့ဘဲ Serial Data (SDA ) လမ်းကြောင်းအဆက်သွယ် လိုက်တဲ့အခါ အောက်မှာပြထားတဲ့အတိုင်း Sensor, Camera flash, Bluetooth, Motion & Cpu စသည်တို့နှင့် အဆက်သွယ်ရှိနေတာတွေ့ရပါတယ်။ ကျနော်ကတော့ ဒီ အဆက်သွယ်တွေထဲက တခုခု ရေဝင် ရှော့ကျ ပျက် နေရင် လမ်းကြောင်းပြတ်တောက်ရင် Touch မရနိုင်ဘူးလို့ ယူဆတယ်လေ။ အာ့ကြောင့် ပထမဆုံး sensor ကို ဖြုတ်ပြီး Touch ရွှေ့လိုက်တော့ရသွားပါတယ်။ တကယ်လို့ မရသေးတဲ့သူတွေက ဆက်ပြီး flash IC, Motion IC, Bluetooth IC စတာတွေကို တခုချင်းဖြုတ်စမ်းစေလိုပါတယ်။ ရသွားရင် ဖြုတ်ထားတဲ့ IC တွေခဲလောင်းပြန်တပ်ပေးလိုက်ပါ။ ပျက်သွားတဲ့ IC ကို အတတ်နိုင်ဆုံး အစားထိုးပေးလိုက်ပါ။ အစားထိုးစရာမရှိရင်တော့ ဒီအတိုင်းလေး လုံးပေးလိုက်ပေါ့ဗျာ။
Castomer ကိုသေချာရှင်းပြလိုက်ပေါ့ဗျာ Touch ရအောင်လုပ်တဲ့အတွက် sensor ဖြုတ်ရင် sensor မရတော့ဘူး ဆိုတဲ့အကြောင်း။ တချို့ castomer တွေက နားမလည်တာထက် လက်ပေါက်ကပ်တတ်လို့ပါ။
နောက်တစ်ခုက ပေးသွင်း Volt မရောက်ရင် Touch socket မှာ Impedance Ohm လေးတော့ တိုင်းကြည့်လိုက်ပါလို့။ Ohm တန်ဖိုးမပြရင် အဆက်သွယ်ပြတ်တောက်တာဖြစ်တဲ့အတွက် CPU pin အောက်ထိ လိုက်ရတတ်ပါတယ်။ Ohm တန်ဖိုးပြရင်သာ ကျနော်အပေါ်မှာရှင်းပြတဲ့အတိုင်း ဖြေရှင်းစေလိုပါတယ်။
စာအရှည်ကြီးရိုက်ရတာဖြစ်တဲ့အတွက် တချို့ ပြောချင်တာတွေလည်းကျန်ခဲ့ပါတယ်။ ဒါကို နားလည်ပေးပေါ့။ မပြောချင်/နိုင်လို့ ထိန်ချန်ထားခြင်း အလျဉ်းမရှိပါ ။ စက်ပြင်အမျိုးများလည်း Diagram များများလေ့လာပါလို့ တိုက်တွန်းပါရစေ။







Today's Mobile Training & Service center
သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999
Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

LinkWithin

Related Posts Plugin for WordPress, Blogger...