မြတ်ဘုရား

လာရောက်လည်ပတ်ကြသူများရွှင်လန်းချမ်းမြေကြပါစေ
picoodle.com

မြန်မာစံတော်ချိန်

Saturday, December 22, 2018

Logo image






















CIRCUIT (1)
        လေ့လာသူ ဝါသနာရှင်များအတွက် တည်ဆောက်ရလွယ်ကူပြီး
အသုံးတည့်နိုင်တဲ့ ဆားကစ်ပတ်လမ်းလေးတစ်ခု တင်ပေးလိုက်
ပါတယ်ခင်ဗျာ ။
       ဒီပတ်လမ်းလေးက ယခုခေတ် အင်မတန်မှအသုံးများလှတဲ့ 
ကွန်ဗက်တာ ကွိုင်ထုပ်လေးများ ၊ smps ဆပ်ပလိုင်းအမျိုးမျိုးက
ထရန်စဖော်မာများ ၊ ဝရိန်စက်မှ ထရန်စဖော်မာများ စသဖြင့်တို့ ကို
ကောင်းမကောင်း စမ်သပ်ကြည့်နိုင်တဲ့ ပတ်လမ်းလေးပဲဖြစ်ပါတယ်
     ကုန်ကျစရိတ်သက်သာပြီး အသုံးပြုတတ်လျှင် စက်ပြင်ရာမှာပါ
မြန်မြန်ဆန်ဆန် အလုပ်တွင်ကျယ်မှာပါခင်ဗျာ သို့ သော် ဈေးကွက်
ဝင် မဟုတ်ဘဲ အပျော်တမ်းဆားကစ်လေး တစ်ခုမျှသာဖြစ်ပါတယ်
ပါဝင်ပစ္စည်းများ
(1) ထရန်စစ္စတာ
      S 8550 (pnp) တစ်လုံး
      S 8050 (npn) တစ်လုံး
တခြားထရန်စစ္စတာများကိုလည်း အစားထိုးနိုင်ပါတယ်
ယခုထရန်စစ္စတာနှစ်မျိုးစလုံး ခြေငုတ် e b c  ဖြစ်ပြီး
အစားထိုးလျှင် ခြေငုတ်များ သတိပြုပါနော် ။
(2) ကွန်ဒင်ဆာ
      47uf ,16V  တစ်လုံး
      47 pf.  တစ်လုံး (47 လို့ ပဲ ရေးထားပါတယ်)
(3) ကြိမ်နှုန်းမြင့် ဒိုင်အုပ်
      1A , Diode တစ်လုံး
( ဖုန်း အဒပ်တာ အထွက်ဘက်က ဒိုင်အုပ်မျိုး)
(4) LED
      led နှစ်လုံး
(5) ရီစစ္စတာ
      10 k တစ်လုံး( ညိုနက်မော်)
စသည်ဖြင့် လိုအပ်မှာဖြစ်ပါတယ်ခင်ဗျာ ။
       ကွိုင်ထုပ်လေးတွေကို မီတာနဲ့  ကောင်းမကောင်း ခန့် မှန်းလို့ 
မရနိုင်ပေမယ့် ဒီဆားကစ်လေးနဲ့  ပုံမှာပြထားတဲ့အတိုင်း ဆက်သွယ်
ကြည့်လို့  မီးလင်းတယ်ဆိုရင် ကောင်းတယ်လို့  ခန့် မှန်းနိုင်ပါတယ်

     ဆပ်ပလိုင်းကနေ ကွိုင်ထုပ် ၊ ထရန်စဖော်မာတို့ ကို ဖြုတ်စရာ
မလိုဘူးနော် ရှော့ရှိနေတဲ့  ထရန်စစ္စတာ၊ အိုင်စီတွေကိုတော့ ဖြုတ်
လိုက်ပြီးမှ စမ်းပေါ့ နော
      ပေးသွင်းဗို့ မှာ 1.5 ဗို့  ဖြစ်ပြီးတော့ ကွိုင်ကြိုးရှည်ရှည် (သို့ )
အင်ဒပ်တင့် များတဲ့ ကွိုင်ထုပ်မျိုးကို တိုင်းတဲ့အခါ ပေးသွင်းဗို့ ကို
1 ဗို့ လောက်သာ လျော့ချပေးသွင်းရပါမည် ဘာဖြစ်လို့ လဲဆိုတော့
       ဒီပတ်လမ်းလေးဟာလည်း ဗို့ အားမြင့် ကွန်ဗက်တာလေး
တစ်ခုလို အလုပ် လုပ်နေရလို့ ပါခင်ဗျာ အင်ဒပ်တင့်များတဲ့ကွိုင်တွေ
ကို တိုင်းတဲ့အခါ ပတ်လမ်းသည် ဗို့ အားမြှင့်တင်မှုများလာပြီး မနိုင်ဝန်
ဖြစ်ခါ ပြန်လည်ရပ်ဆိုင်းသွားမှာဖြစ်ပါကြောင်း တင်ပြပေးလိုက်
ပါတယ်ခင်ဗျာ ။
    လေ့လာသူများအားလုံး အသိဉာဏ်ပညာများ တိုးပွါးကြပါစေခင်ဗျာ

     



Network Cable

မင်္ဂလာပါ။


ဒီအပတ်မှာတော့ Computer များကို Cable များဖြင့် Network ချိတ်ဆက်ရာတွင် အသုံးပြုရသော RJ 45 ခေါင်းညှပ်နည်းကို တင်ပေးလိုက်ပါတယ်ခင်ဗျာ။ ပုံကိုနှိပ်ပြီး စာကိုဖတ်ပါ။ Network ခေါင်းညှပ်တဲ့အခါ ညှပ်နည်း နှစ်မျိုးရှိပါတယ်။ Straight through နဲ့ Crossover တို့ပဲဖြစ်ပါတယ်။ Computer နှစ်လုံးကို Network Switch မသုံးပဲ ချိတ်ဆက်မည်ဆိုပါက Crossover နည်းဖြင့်ညှပ်ရပါမယ်။ Network Switch ကိုအသုံးပြုပြီး ချိတ်ဆက်မယ်ဆိုရင်တော့ Straight through နည်းဖြင့်ညှပ်ရပါမယ်။ RJ 45 Network ခေါင်းညှပ်တဲ့အခါမှာ Type နှစ်မျိုးရှိပါတယ် A Type နဲ့ B Type ပါ။ A Type နဲ့ B Type ဆိုတာကတော့ Network Cable အထဲမှာပါသော အရောင် ၈ ရောင်နဲ့Wire ကြိုးအသေးလေး  ၈ ကြိုး ကို အစီအစဉ်အလိုက် စီတန်းရန် A Type & B Type ဆိုပြီးသတ်မှတ်ပေးထားတာပဲ ဖြစ်ပါတယ်။ အောက်မှာ A Type နဲ့ B Type ကြိုးများကို အရောင်များဖြင့် အစီအစဉ်အလိုက် စီတန်းပုံကိုပြထားပါတယ်။
A Type -
1. White/Green
2. Green
3. White/Orange
4. Blue
5. White/Blue
6. Orange
7. White/Brown
8. Brown

B Type
1. White/Orange
2. Orange
3. White/Green
4. Blue
5. White/Blue
6. Green
7. White/Brown
8. Brown တို့ပဲဖြစ်ပါတယ်။ Straight through နည်း ကိုအသုံးပြုမည်ဆိုပါက Network Cable အစွန်းတစ်ဖက်ကို A Type ညှပ်ပြီး ကျန်အစွန်းတစ်ဖက်ကို A Type ဆိုပြီး Type နှစ်ခုကိုတူအောင်ညှပ်ပေးရပါတယ်။ ဒါမှမဟုတ် နှစ်ဖက်လုံးကို B Type နဲ့လည်းညှပ်လို့ရပါတယ်။ Crossover နည်းကတော့ ကြိုးနှစ်ဖက်ကို Type မတူအောင်ညှပ်ပေးရပါတယ်။ ကြိုးတစ်ဖက်ကို A Type နဲ့ ကျန်ကြိုးတစ်ဖက်ကို B Type ဆိုပြီး မတူအောင်ညှပ်ပေးရပါတယ်။ အောက်မှာကြိုး ညှပ်နည်းများကို ပုံများကိုစာနဲ့အတူ ရှင်းပြထားပါတယ်





phone chan








electronic notes






































LinkWithin

Related Posts Plugin for WordPress, Blogger...