KBZ ဘဏ်ခွဲတွေမှာ MPT Sim Card များအားမှတ်ပုံတင်နိုင်
10:19 PM
today's Blog
No comments
မြန်မာနိုင်ငံဆက်သွယ်ရေးလုပ်ငန်း MPT က ကမ္ဘောဇဘဏ်နဲ့ ပူးပေါင်းကာ ၂၀၁၆ခုနှစ် ၊ဒီဇင်ဘာလ (၁၅)၇က်နေ့မှစပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကမ္ဘောဇဘဏ်ခွဲများမှာ MPT ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။ MPT သုံးစွဲသူများအနေနဲ့ လတ်တလောမှာကမ္ဘောဇဘဏ်ခွဲပေါင်း(၅၀) မှာသွားရောက်မှတ်ပုံတင်မယ်ဆိုရင် ကမ္ဘောဇဘဏ်မှ အခမဲ့အစီအစဉ်များ ပြန်လည်ပေးသွားမှာဖြစ်ပြီး MPT ဆင်းမ်ကတ်များကိုမှတ်ပုံတင်ရင်း KZB internet banking စနစ်ကိုအခမဲ့ရယူနိုင်တဲ့အပြင် ကမ္ဘောဇဘဏ်စာရင်းမရှိသေးသူများအတွက်လည်း ကမ္ဘောဇဘဏ်မှ (၁၀၀၀) ကျပ်ငွေဖြည့်သွင်းပြီးငွေစုဘဏ်စာရင်းအသစ်တစ်ခု အခမဲ့ဖွင့်လှစ်ပေးမှာဖြစ်တယ်လို့ လည်းသိရပါတယ်။
MPT နဲ့ ကမ္ဘောဇဘဏ်အခုလို ပူပေါင်းခြင်းဟာ MPT သုံးစွဲသူများအတွက် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို လွယ်ကူချော့မွေ့စွာဆောင်ရွက်နိုင်အောင် ဝန်ဆောင်မှုပေးခြင်းဖြစ်ပြီး MPT ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းနဲ့ ကမ္ဘောဇဘဏ်မှအကောင့် ဖွင့်လှစ်မယ်ဆိုရင်မှတ်ပုံတင်မူရင်း ပြသဖို့လိုအပ်တယ်လို့သိရပါတယ်
No comments:
Post a Comment