နားကြပ် ပုံ လေးပေါ်နေတဲ့ Error လေးလိုက်ကြည့်ကြရအောင်ပါ
730 U00 မှာ နားကြပ်မှာ ပင် 6 ပင်ရှိပါတယ် ပင်နံပါတ် 5 က NC ဆိုတော့ တကယ်အလုပ်လုပ်မှာ 1.2.3.4.6 ဆိုတဲ့ ပင် 5 ပင်ပါ
ပင်နံပါတ် 1 ကတော့ FM လိုင်းအတွက်
ပင်နံပါတ် 2 ကတော့ နားကြပ်မှာ Left အသံပိုင်း
ပင်နံပါတ် 3 ကတော့ နားကြပ်မှာ Rightအသံပိုင်း
ပင်နံပါတ် 4 ကနားကြပ်ဝင်ရောက်မှုအသိပေး
လမ်းကြောင်း
ပင်နံပါတ် 5 က NC
ပင်နံပါတ် 6 ကတော့ နားကြပ် တပ်ပြီးဖုန်းပြောမဲ့ Mic လမ်းကြောင်း
အဲ့လောက်အကြမ်းမျဉ်းလေးသိရင် ပြင်လို့ရလောက်ပါပြီ
တကယ်ပျက်တာကတော့ အဓိက လမ်းကြောင်း
ပင်နံပါတ် 4 ပါ
ပင်နံပါတ် 4 မှာ R1115 ဆိုတဲ့ ရစစ်စတာလေးတလုံးခံပြီး V တခု အမြဲပေးထားပါတယ်
diagram မှာတော့ 1.8 လို့ပြောထားပေမဲ့ 1.5V ပတ်ဝန်းကျင်လောက်ပဲတွေ့ရတတ်ပါတယ်
အဲ့ဒီ V လေးက နားကြပ်ထိုးလိုက်ရင် 0V ဖြစ်သွားရပါတယ်
အဲ့တော့ V ပျောက်နေပြီဆို နားကြပ် ပုံပေါ်နေတဲ့ Error တတ်လာပါပြီ
V ရှိနေရက် နားကြပ်ပုံပေါ်နေသေးတယ်ဆို အဲ့ဒီ ပင်နံပါတ် 4 မှာပဲ EINT0
ဆိုတဲ့ နားကြပ်တပ်ဆင်မှုအာရုံခံ လမ်းကြောင်းပိုင်းပျက်တာဖြစ်နိုင်ပါပြီ
သူ့ လမ်းကြောင်းမှာ R1100 နဲ့ C1106 ဆိုတဲ့ ကွန်ပိုးနင့်လေးနှစ်လုံး
ခံထားပါတယ် အဲ့ကွန်ပိုးနင့်လေးတွေပျက်ရင်လဲ နားကြပ်ပုံပေါ်နေတတ်ပါတယ်
အဲ့လောက်ဆို တော်တော်များများပြင်လို့ ရလောက်ပြီထင်ပါတယ်
No comments:
Post a Comment