Relay နှင့် ပတ်သက်တဲ့ အကြောင်း
====================
Basic Electronic Engineering
ကိုမျိုးအီလက်ထရောနစ်
၁။ Relay ဆိုတာ Electro Mechanical Switch အမျိုးအစား တစ်မျိုး ဖြစ်ပါတယ်။ တနည်းအားဖြင့် Inductance နှင့် ပတ်သက်တဲ့ Effect တွေကို အခြေခံပြီးတော့ ပြုလုပ်ထားတဲ့ Switch အမျိုးအစားပါ။
၂။ Relay ရဲ့ အတွင်းပိုင်းမှာ Coil တစ်ခု ပါဝင်ပါတယ်။ အဆိုပါ Coil ကို Power Supply တစ်ခု ပေးလိုက်တဲ့ အခါမှာ Induced ဖြစ်သွားပြီးတော့ ၄င်းရဲ့ ဘေးပတ်ဝန်းကျင်မှာ Magnetic Field တစ်ခုကို ဖြစ်စေတာပါ ။ အဆိုပါ Field ကနေ ၄င်းရဲ့ ဘေးမှာ ရှိတဲ့ Switch ကို အနေအထား တွေ ပြောင်းလဲလုပ်ဆောင်စေတာပဲဖြစ်ပါတယ်။ ဒါကြောင့် Relay တွေရဲ့ Schmetic Symbol တွေကို လေ့လာတဲ့ အခါမှာ Coil ပုံစံလေး တစ်ခုရယ် နှင့် Switch ပုံစံလေး တစ်ခုကို ထည့်သွင်းရေးဆွဲကြတာပဲဖြစ်ပါတယ်။ အဆိုပါ Coil အပိုင်းနှင့် Switch အပိုင်းဟာ တစ်ခုနှင့် တစ်ခု ဆက်သွယ်ချိတ်ဆက်ထားခြင်း မရှိကြပါဘူး။ (Electrically အရဆိုရင် တစ်ခုနှင့် တစ်ခုက Isolated ဖြစ်နေကြပါတယ်။)
၃။ အခြေခံအကျဆုံးအနေနဲ့ Switch ကတော့ SPST(Single Pole Single Throw) အမျိုးအစားပုံစံ Switch အမျိုအစား ဖြစ်ပါတယ်။ တစ်ကြိမ်မှာ Switch က တစ်နေရာကို ရောက်ရှိနေမယ် ဆိုရင် Open ဖြစ်နေမယ် ။ နောက်တစ်ကြိမ်မှာ Closed ဖြစ်နေမယ် ဆိုတဲ့ သဘောပါ။ အောက်မှာ ပုံတွေကို လေ့လာနိုင်ပါတယ်။
၎။ နောက်တစ်ချက်အနေနဲ့ Relay တွေရဲ့ Cover ကို Plastic အကြည်နဲ့ တည်ဆောက်ထားတဲ့ Relay အမျိုးအစားတွေ ရှိကြသလို ၊ Plastic အမဲရောင်နှင့် ကိုယ်ထည်တစ်ခုလုံးကို Seal ပြုလုပ်ပြီးတော့ ဖြစ်စေ ၊ Plastic အပြာရောင်နှင့် ကိုယ်ထည်တစ်ခုလုံးကို Seal ပြုလုပ်ပြီးတော့ ဖြစ်စေ တည်ဆောက်ထားကြတဲ့ Relay ပုံစံတွေလည်း ပြည်တွင်းမှာ အလွယ်တကူ ၀ယ်လို့ ရနိုင်ကြပါတယ်။ အဆိုပါ Plastic နှင့် Seal ပြုလုပ်ထားတဲ့ ကိုယ်ထည်ရဲ့ အပြင်မှာတော့ Pin တွေကိုသာ ထုတ်ထားခြင်း ဖြစ်ပါတယ်။ တကယ်လို့များ Induced Effect နှင့် ပတ်သက်ပြီးတော့ လက်တွေ့ အနေနဲ့ မြင်ချင်တယ် ဆိုရင် ကိုယ်ထည်မှာ Plastic အကြည်ရောင်နှင့်တည်ဆောက်ထားတဲ့ Relay တွေကို လေ့လာနိုင်ပါတယ်။ အဆိုပါ Relay မှာ ဆိုရင် Power Source တစ်ခု ပေးလိုက်တာနှင့် အတွင်းထဲက Coil ကနေ Induced ကြောင့် Switch တွေ Open ဖြစ်သွား ၊ Closed ဖြစ်သွားတဲ့ အခြေအနေကို တွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။
၅။ Relay တွေမှာလည်း ဘယ်လောက် Ampere မှာသာ Operate ပြုလုပ်နိုင်တယ် ဆိုတဲ့ Current Rating သတ်မှတ်ချက်တွေ ရှိကြပါတယ်။ အကြမ်းဖျဉ်းအနေနဲ့ Ampere Rating နည်းနည်းမှာ ဆိုရင် Signal ပိုင်းဆိုင်ရာမှာ အသုံးပြုရန် အတွက် ဖြစ်ပါတယ်။ Ampere Rating များရင် Power ပိုင်း ဆိုင်ရာမှာ အသုံးပြုရန် အတွက်ပဲဖြစ်ကြပါတယ်။ များသော အားဖြင့် 2A ရဲ့ အောက်ဆိုရင် Signal ပိုင်းဆိုင်ရာ Switch တွေကို အသုံးပြုဖို့ပါ။ 2A ရဲ့ အထက်ဆိုရင်တော့ Power ပိုင်းဆိုင်ရာ Switching တွေကို အသုံးပြုဖို့ပဲဖြစ်ပါတယ်။ Relay တွေမှာ DC Volt တန်ဖိုးပေးပြီးတော့ Coil ကို Induced ဖြစ်စေတာပါ ။ ဒါကြောင့် 5V,12V,24V Relay ဆိုပြီးတော့ ပြောနေကြတာဟာ Coil ကို Induced ဖြစ်အောင်ပေးရမယ့် Voltage တန်ဖိုးတွေပါ ။ Volt ကို ပြောရင် Relay တစ်လုံး အလုပ်လုပ်ဖို့ (Coil ကို Induced) ဖြစ်စေဖို့ Amp Rating တန်ဖိုး ဘယ်လောက်လိုသလဲ ဆိုတာကို ပြောရမှာပါ ။ အောက်က ဇယားမှာ Coil Rating ဆိုပြီးတော့ ဖော်ပြပေးထားပါတယ်။ Switch ဘက်ကနေ ဘယ်လောက် Volt and Current တန်ဖိုးကို ခံနိုင်ရည် ရှိတယ် ဆိုတာကိုလည်း အောက်က ဇယားမှာ Contact Rating ဆိုပြီးတော့ ထပ်မံဖော်ပြပေးထားပါတယ် ။ (ဥပမာ 250V 10A AC, 30V 10A DC ဆိုတာမျိုးပါ။)
၆။ နောက်တစ်ချက်ကတော့ Relay မှာ ရှိတဲ့ Switch တွေရဲ့ အလုပ်လုပ်ဆောင်နိုင်တဲ့ ပုံစံ အတိုင်း Relay ကို အလုပ်လုပ်ဆောင်ပုံတွေအောက်ပါ အတိုင်းပဲ ခွဲခြားထားပါတယ်။
NO (Normally Open) အခြေအနေ ဆိုတာကတော့ Relay ကို Power တစ်ခု မပေးခင်မှာ Relay မှာ ပါဝင်တဲ့ Switch ဟာ Open ဖြစ်နေတဲ့ အခြေအနေပါ။ Relay ကို Power ပေးလိုက်တဲ့ အခါမှသာလျင် Relay မှာ ပါဝင်တဲ့ Switch တွေဟာ Closed ဖြစ်သွားတဲ့ အခြေအနေကို ဆိုလိုခြင်းဖြစ်ပါတယ်။
NC (Normally Close) အခြေအနေ ဆိုတာကတော့ Relay ကို Power တစ်ခု မပေးခင်မှာ Relay မှာ ပါဝင်တဲ့ Switch ဟာ Closed ဖြစ်နေတဲ့ အခြေအနေပါ။ Relay ကို Power ပေးလိုက်တဲ့ အခါမှသာလျင် Relay မှာ ပါဝင်တဲ့ Switch တွေဟာ Open ဖြစ်သွားတဲ့ အခြေအနေကို ဆိုလိုခြင်းဖြစ်ပါတယ်။ NC ကတော့ NO နှင့် ပြောင်းပြန် အခြေအနေကို ဆိုလိုခြင်းဖြစ်ပါတယ်။
Latching Relay ဆိုတာကတော့ Relay ကို Power တစ်ခု ပေးလိုက်ရင် Open or Closed ဆိုတဲ့ အခြေအနေ ထဲက အခြေအနေ တစ်ခုကို Operate ဖြစ်နေစေတာပါ။ တကယ်လို့ Power ပိတ်လိုက်သော်လည်း အဆိုပါ အခြေအနေ တစ်ခုက ဆက်လက်ပြီးတော့ ဖြစ်နေဆဲ ကို ဆိုလိုခြင်းဖြစ်ပါတယ်။ အဆိုပါ Power ကို ပထမ အကြိမ် ပိတ်ပြီးတော့ နောက်တစ်ကြိမ် ထပ်ပေးမှသာလျင် မူလ အခြေအနေက ပြန်ပြောင်းသွားစေတာပဲဖြစ်ပါတယ်။
၇။ Relay တွေနဲ့ ပတ်သက်ပြီးတော့ Switch တွေရဲ့ တည်ဆောက်ပုံကို ခွဲခြားပြီးတော့လည်း လိုအပ်ချက် အလိုက် အောက်ပါ အတိုင်း အသုံးပြု နိုင်ပါသေးတယ်။
SPST Relay ဆိုတာကတော့ Relay မှာ Pin ၄ ခု ပါဝင်ပါမယ်။ အဆိုပါ Pin ၄ ခုမှာ Coil အတွက်က အသုံးပြုဖို့ Pin က ၂ ခုပါ ။ Switch အတွက်ကတော့ ၂ ခု ဖြစ်ပါတယ်။ ပုံမှာ ပြထားပါတယ်။
SPDT Relay ဆိုတာကတော့ Relay မှာ Pin စုစုပေါင်း ၅ ခု ပါဝင်ပါတယ် ။ Coil ကို Power ပေးလိုက်ရင် Switch ရဲ့ အခြေအနေ ၂ ခုထဲက အခြေအနေ ၁ ခုကို Operate ပြုလုပ်စေတဲ့ အမျိုးအစားပါ။ Power ကို ပေးသွင်းတာ ရပ်တန့်လိုက်လျင် မူလ အခြေအနေ Switch ရဲ့ Positiion ကို ပြန်ရောက်သွားစေနိုင်တဲ့ အမျိုးအစားပါ ။ Coil ကို Power ပေးလိုက်တဲ့ အခါမှာ Relay ရဲ့ အတွင်းထဲကနေ Tick ဆိုတဲ့ Switch ရဲ့ အလုပ်လုပ်ပုံလေးကိုလည်း ကြားရနိုင်ပါတယ်။ ပုံမှာလည်း ပြထားပါတယ်။
DPST Relay ဆိုတာကတော့ Relay မှာ Pin စုစုပေါင်း ၆ ခု ပါဝင်ပါမယ်။ Coil တစ်ခုနှင့် Switch အနေနဲ့ ၂ စုံ ပါဝင်ပါတယ် ။ Relay ကို Power ပေးလိုက်တာနှင့် အဆိုပါ Switch ၂ စုံ စလုံးဟာ တစ်ပြိုင်နက်တည်း Operate ပြုလုပ်ခြင်းဖြစ်ပါတယ်။ ပုံမှာလည်း ပြထားပါတယ်။
DPDT Relay ဆိုတာကတော့ Relay မှာ Pin စုစုပေါင်း ၈ ခုပါဝင်ပါတယ်။ Coil တစ်ခုနှင့် SPDT Switch Pair ၂ စုံ ပါဝင်ပါတယ်။ Relay ကို Power ပေးလိုက်တာနှင့် အဆိုပါ SPDT အမျိုးအစား Switch ၂ စုံ စလုံးက SPDT Relay လုပ်ဆောင်ချက်တုန်းကအတိုင်း အလုပ်လုပ်စေမှာပဲဖြစ်ပါတယ်။ SPDT ရဲ့ အလုပ်လုပ်တဲ့ ပုံစံနှင့် သဘောတရာ အတူတူပါ။ SPDT မှာ Switch တစ်စုံ နေရာမှာ DPDT မှာတော့ Switch ၂ စုံ ဖြစ်သွားခြင်းပဲကွာခြားပါတယ်။
ကျေးဇူးတင်ပါတယ်
ကိုမျိုး (အီလက်ထရောနစ်)

No comments:
Post a Comment